ငါန်းဇွန် စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့က လာရောက်ပြသသော အနံ့မရသူ၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာနှင့် ထိစပ်သူ(၉)ဦးတို့အား (RDT)ဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၂)ရပ်ကွက်မှ အနံ့မရသူ အသက်(၄၂) နှစ် အမျိုးသား(၁)ဦးနှင့် အသက်(၄၁)နှစ် အမျိုးသမီး(၁)ဦး၊ အမှတ်(၃)ရပ်ကွက်မှ အနံ့မရသူအသက် (၅၃)နှစ် အမျိုးသား(၁)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရသဖြင့် အဆိုပါပိုးတွေ့လူနာ(၃)ဦးအား မြို့နယ်ပြည် သူ့ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် Hospital Quarantine ထားရှိပြီး ၎င်းတို့နှင့် ထိစပ်သူ(၇)ဦးအား Strict Home Quarantine ထားရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ဇွန်(၂၈)ရက်နေ့မှ စက်တင်ဘာ(၁၂)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၇၈၃)ဦး ရှိပြီဖြစ်ပြီး ကုသမှုခံယူနေသူ(၂၅)ဦး၊ ရောဂါသက်သာ၍ သတ်မှတ်ကာလပြည့်သည့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၇၁၂)ဦး နှင့် သေဆုံးသူ (၄၆) ဦးရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)