မြင်းခြံမြို့တွင် ကိုဗစ်-၁၉-ရောဂါ ပိုးတွေ့လူနာ(၁၆)ဦးထပ်မံတွေ့ရှိပြီး (၁)ဦးသေဆုံး

မြင်းခြံ စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် မြင်းခြံမြို့တွင်  ယမန်နေ့တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာ(၁၆)ဦးထပ်မံတွေရှိခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ပိုးတွေ့လူနာများမှာ မြင်းခြံမြို့နယ် ကိုင်း(မ)ကျေးရွာမှ အသက် (၆၂)နှစ် အရွယ် အမျိုးသား တစ်ဦး၊ ဇီးပင်ကန်ကျေးရွာမှ အသက်(၄၂)အရွယ် အမျိုးသမီး တစ်ဦး၊လေးရွာဆုံကျေးရွာမှ အသက်(၂၀၊၂၆၊၃၂၊၃၃၊၃၆၊၃၇၊၄၃)နှစ်အရွယ် အမျိုးသား ခုနစ်ဦးနှင့် အသက်(၅၊၃၀၊၃၂၊၃၇၊၄၃၊၅၅)အရွယ် အမျိုးသမီး ခြောက်ဦးနှင့် တောင်သာမြို့နယ် သမ္မက္ကူကျေးရွာမှ အသက်(၅၇)နှစ်အရွယ် အမျိုးသမီး တစ်ဦး တို့ဖြစ်ကြကြောင်းသိရှိရသည်။

ယခင်ပိုးတွေ့လူနာများမှ ယနေ့သေဆုံးသူ (၁)ဦးမှာ တောင်သာမြို့ အမှတ်(၁) ရပ်ကွက်မှ အသက်(၇၅)နှစ်အရွယ် အမျိူးသား တစ်ဦး ဖြစ်ပြီး မြင်းခြံမြို့နယ် ကူရွာ ကျေးရွာအနီးရှိ ဆူဖြူကုန်းသုဿာန်တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သင်္ဂြိုလ်ပြီးဖြစ်ကြောင်းသိရှိရသည်။

ပိုးတွေ့အတည်ပြုလူနာများအား မြင်းခြံခရိုင်ပြည်သူ့ ဆေးရုံတွင်(၃၈)ဦး၊Treatment Center(G.T.C)၌ (၂၅)ဦး၊ စုစုပေါင်း(၆၃)ဦးတို့ကို ဆေးကုသပေးလျက်ရှိသည်။

မြင်းခြံမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ဇွန်လ ၂၈ရက်မှ စက်တင်ဘာ ၁၂ရက် (ယနေ့)အထိ ပိုးတွေ့လူနာပေါင်း (၁၀၆၉)ဦး၊ သေဆုံးသူ(၁၉၈)ဦး ရှိပြီး၊ရောဂါသက်သာ ပျောက်ကင်း၍ဆေးရုံမှဆင်းသူ (၈၀၇) ဦးနှင့် လက်ရှိဆေးကုသခံယူနေသူ (၆၃) ဦးရှိကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)