တွံတေးမြို့နယ်၌ ယခုနှစ်မိုးစပါးရာသီတွင် မိုးစပါးဧက ၈၂၂၀၅ စိုက်ပျိုးရန်လျာထား

တွံတေး  စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ယခုနှစ်၂၀၂၁ မိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန် ဧက(၈၂၂၀၅) လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။

တွံတေးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် လျာထားချက်ပြည့်မီစွာ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် တာဝန်ရှိသူများက မိုးစပါးလျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရန် လယ်ယာမြေကြိုတင်ပြင်ဆင်ရေး၊ မိမိဒေသနှင့်ကိုက်ညီသော မျိုးစပါးနှင့်အထွတ်နှုန်းပိုသောမျိုးများ စိုက်ပျိုးနိုင်ရေး၊ ရေတော်မိုးတော်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအား အသိပညာပေးခြင်း ပိုးမွှားအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ပြင်ဆင်ထားရေး ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

တွံတေးမြို့နယ်၌ ကွင်းပေါင်း( ၂၁၉)ကွင်းတွင် မိုးစပါးစိုက်ပျိုး ဧက( ၈၂၂၀၅)လျာထားကာ စိုက်ပျိုးသည့် မျိုးစပါးများမှာ ရတနာတိုး၊ ဆင်းသုခ၊ ရက်၉၀၊ အညာသား၊ ကောက်ညှင်း၊ ငစိန်၊ နှံကား၊မီးဒုံး၊တ တောင်ပျံများအဓိကစိုက်ပျိုးပြီး တောင်ပျံကို တောင်သူများ ပိုမိုစိုက်ပျိုးကြောင်း သိရှိရ သည်။

တွံတေးမြို့နယ်၌ စပါးစိုက်တောင်သူ (၁၂၅၇၁)ဦး ရှိကြောင်းလည်း သိရှိရသည်။ ယခင်နှစ် မိုးစပါး စိုက်ပျိုး ထုတ်လုပ်ရန် လျာထားချက်မှ မီးဒုံး( ၄၄၂၁၁)ဧက၊ ငကျွဲ ( ၂၅၇၅၀) ဧက၊ ဆင်းသုခ (၅၂၅၀) ဧက၊ရက် (၉၀)  (၅၀၈၆) ဧက၊ ကောက်ညှင်း (၁၂၅၀) ဧက၊နှံကား (၃၅၀) ဧက၊ ဧရာမင်း (၁၂၀)ဧက၊ မနောသုခ (၁၅) ဧက စုစုပေါင်း မိုးစပါးစိုက်ပျိုးရန်လျာထားဧက (၈၁၀၃၂) လျာထားကြောင်းနှင့်ယခင်နှစ်ကမိုးစပါးစိုက်ဧက (၈၂၀၃၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကကို (၆၅.၂၃) တင်းနှုန်းထွတ်ရှိကာ စပါးတင်းပေါင်း (၅၃၅၀၉၄၇.၃၆)တင်း ထွတ်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။