နမ့်ခမ်း စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး လုပ်ငန်းဖြစ်သည့် ရောဂါကာကွယ်ဆေး ထိုးနှံရေးကို ယနေ့ နံနက်ပိုင်း(၁၁)နာရီအချိန် နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမနှင့် ပေါက်တင်မရပ် လူငယ်ခန်းမတို့၌ အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အို အဖိုးအဘွားများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်း များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောင်မြင်စွာ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးနှင့် ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းနိုင်ရေးလုပ်ငန်းဖြစ်သည့် ကာကွယ်ဆေးထိုးနှံ ခြင်းကို နမ့်ခမ်းမြို့ရှိ ပြည်သူများမှ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရန် ကာကွယ်ဆေးအလုံးရေ (၁၆၁၈)လုံး ရရှိပြီး အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အို အဖိုးအဘွားများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများ (၃၂၃၆)ဦးကို ယနေ့နံနက်ပိုင်း (၁၁)နာရီအချိန်တွင် ဒုတိယအကြိမ် ကာကွယ်ဆေး အောင်မြင်စွာထိုးနှံပေးနိုင်ခဲ့ရာ ကာကွယ်ဆေးထိုးပြီးသူများမှ ကာကွယ်ဆေးထိုးပြီး ကြောင်းလတ်မှတ် ထုတ်ပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ထိုးနှံရေးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)