ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံတွင်လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဝိုင်းမော် စက်တင်ဘာ   ၁၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံတွင် လုပ်ငန်းစတင်ဆောင်ရွက်တော့မည့် အောက်ဆီ ဂျင်စက်ရုံအနီးပတ်ဝန်းကျင်၌ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်းကာ သန့်ရှင်းရေးလုပ်ငန်းအား ယနေ့ နံနက် ၇ နာရီက အဆိုပါ ဆေးရုံအောက်ဆီဂျင်စက်ရုံပတ်ဝန်းကျင်းတွင် ကွင်းဆင်းဆောင် ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဝိုင်းမော်မြို့ပေါ်ရှိ လူမှုကူညီရေးအသင်း အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ အင်အား(၇၀)ကျော်ဖြင့် ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံ အနီးပတ်ဝန်းကျင်မှ ခြုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်ကြီးများမှ သစ်ကိုင်း ကြီးများအား ခုတ်ထွင်ခြင်း၊အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို နံနက် ၉ နာရီအထိ ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ကြီးမှူး၍ စေတနာရှင်ပြည်သူများမှ  ထည့်ဝင်လှူဒါန်းငွေကျပ်သိန်း (၁၃၀၀)ခန့် အကုန်အကျခံကာ တည်ဆောက်ခြင်းဖြစ်ပြီး ဝိုင်းမော်ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ ရောဂါကုသရေး အတွက်လိုအပ်သည့် အောက်ဆီဂျင်များ(အခမဲ့) ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကာ စက်ရုံလည်ပတ် ပါက တစ်နာရီလျင် (၄၀)လီတာဆံ့ အောက်ဆီဂျင်ဘူး () ဘူး ထွက်ရှိ နိုင်မည်ဖြစ်ကြောင်းမြို့နယ် အောက်ဆီဂျင်စက်ဖြစ်မြောက်ရေး ကော်မတီဘဏ္ဍာရေးမှူး ဦးစန်းနိုင်ထံမှ သတင်းရရှိသည်။

 ခရိုင် (ပြန်/ဆက်)