ဒဂုံ စက်တင်ဘာ ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အနောက်ရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝင်းအတွင်း သန့်ရှင်းသပ်ရပ် သာယာလှပစေရေးအတွက် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ခြံစည်းရိုး ပုဏ္ဏရိတ်ပင်များအား ပုံသွင်းခြင်း၊ မြက်ပင်ခြုံနွယ်များအား ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝင်းသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး /မြို့နယ် (၉)မြို့နယ်မှ အုပ်ချုပ်ရေးမှူးများနှင့် စည်ပင်သာယာရေးဝန်ထမ်းများ စုပေါင်း၍ ဝန်ထမ်းအင်အား (၃၂၇)ဦးဖြင့် ဆောင်ရွက်ခဲ့ရာ ဧရိယာ ၆ ဒဿမ ၇၃ ဧကကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။