ကျွန်းစုမြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါပိုး စစ် ဆေးရာတွင် အတည်ပြုလူနာ(၄)ဦး ထပ်မံတွေ့ရှိ

ကျွန်းစု စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၌စက်တင်ဘာလ (၁၂)ရက်နေ့တွင် ကိုဗစ် - ၁၉ရောဂါပိုး စစ်ဆေးရာတွင် (၄) ထပ်မံတွေ့ရှိရကြောင်းသိရသည်။

စစ်ဆေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ဖျားနာနေသူများ၊ ရောဂါပိုးတွေ့လူနာများနှင့်ဆက်စပ်ထိတွေ့သူများအား (RDT )ဖြင့်  စစ်ဆေးခဲ့ရာ စခန်းသစ် ကျေးရွာ (၁)ဦး၊ကံမော် ကျေးရွာ (၃) ၊စုစုပေါင်း(၄)ဦးတို့၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကိုဗစ် - ၁၉ ရောဂါ ကြပ်မတ်ကုသဆောင်များတွင် ဆေးဝါးကုသမှုခံယူလျက်ရှိပြီး၊ ကျွန်းစုမြို့နယ် အတွင်း(၁၂.၉.၂၀၂၁)  ရက်နေ့အထိ ကိုဗစ် - ၁၉ရောဂါပိုး ကူးစက်ခံရသူဦးရေမှာ (၁၁၈၀)ဦး၊ ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရသူ (၉၇၆)ဦး၊ ဆေးဆက်လက်ကုသမှုခံယူနေသူ(၂၀၄) ဦးနှင့်သေဆုံးသူ(၂၀)ဦး ရှိကြောင်း သိရသည်။

အေးသန္တာဖြိုး(ကျွန်းစု)