လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်တားဆီးနိုင်ရန် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် စစ်ဆေးခြင်းများဆောင်ရွက်

လိပ်သို  စက်တင်ဘာ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းကို  မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကျန်းမာရေး၀န်ထမ်းများသည် လိပ်သိုဒေသရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယမန်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ ယမန်နေ့ နေ့လယ်ပိုင်းက လိပ်သိုမြို့၊ သာမိုးတောင်ကျေးရွာ အုပ်စု၊ မီးခတ်ချောင်းကျေးရွာ ကျိုက်ထီးရိုးလေးဘုရားတောင်ကျောင်းရှိ ရဟန်း၊ သာမဏေ (၂၃) ပါးနှင့် လူပုဂ္ဂိုလ် () ဦးကိုလည်းကောင်း၊ သာသနာ့မုဒ်ဦးဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ရဟန်း၊ သာမဏေ (၁၀) ပါးကိုလည်းကောင်း၊ ကျောက်ခုံသာသနာပြုကျောင်းရှိ သံဃာတော် () ပါးတို့အားလည်းကောင်း   ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အား  RDT Test  Kit  ဖြင့် ကျန်းမာရေး၀န်ထမ်းများက စစ်ဆေးပေးခဲ့ပြီး လိပ်သိုမြို့ ရန်ကြီးအောင်ဘုန်းတော်ကြီးကျောင်း ရှိ ရဟန်း၊ သာမဏေ () ပါးကိုလည်း ဆက်လက် စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

ထို့နောက် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌမှ ဘုန်းတော်ကြီး ကျောင်းများသို့ ပါးစပ်၊ နှာခေါင်းစည်း MaskHand Gel နှင့် Hand Spray ဘူးတို့ကို လှူဒါန်းပေးခဲ့ပြီး ကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်းများကိုလည်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဆက်လက်၍ သွားရောက်စစ်ဆေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)