နမ့်စန်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

နမ့်စန်(တ)   ဩဂုတ် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ အတွက် ထောက်ပံ့ကူညီသော ထောက်ပံ့ငွေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ အိမ်ထောင်စုများထံ သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်၊ ဒုတိယဦးစီးမှူး ဦးမြလင်းဌေးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့်အတူ နမ့်စန်မြို့ပေါ်ရှိ ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စုများရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၅၁၀) စုအား တစ်အိမ်ထောင်စုလျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု (၂၀)စုတို့၌ ပုံမှန် ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၃၁၈၅ ) စုရှိပြီး ကျန်ရှိသော အိမ်ထောင်စုများကို အမြန်ဆုံး ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့် ထံမှ သိရသည်။

သူရအောင်(ပြန်/ဆက်)