ကျောက်မဲမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၈၈  ဦးထပ်မံတွေ့ရှိ

ကျောက်မဲ စက်တင်ဘာ ၁၂

ကျောက်မဲမြို့နယ်တွင် ယမန်နေ့က စစ်ဆေးချက်များအရ မန်ခါတိုက်ပွဲရှောင် စခန်းမှပြည်သူ  ၅၄ဦး အပါအဝင် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၈၈ ဦး  ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။

ကျောက်မဲမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စက်တင်ဘာ ၁၁ ရက်နေ့ကမန်ခါကျေးရွာရှိ တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာသူများမှ ပြည်သူ  ၁၈၄ ဦးအား PCR စနစ်ဖြင့်စစ်ဆေးရာ  ပြည်သူ ၇၁ ဦးတွင်လည်းကောင်း၊ ပြည်သူ ၁၂၀ ဦးအား  RDT Test Kit ဖြင့် စစ်ဆေးရာ   ပြည်သူ ၁၇ ဦးတွင်လည်းကောင်းကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ခဲ့ခြင်းဖြစ်ပြီး အများစုမှာ မန်ခါတိုက်ပွဲရှောင်စခန်းမှ ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။ 

ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ စက်တင်ဘာ  ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၁၁၀ ဦး ၊ သေဆုံးသူ ၆၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)