ပန်နန်းဒင် ဩဂုတ် ၁၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီတွင် ပန်နန်းဒင်မြို့ ခါကာဘိုရာဇီခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။
ထို့နောက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ကိုဗစ်ကာလ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁)စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စု ဆယ်စုအတွက် ကျပ်နှစ်သိန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် အဖွဲ့၀င်များက ပြည်သူတစ်ဦးချင်းစီ၏ လက်၀ယ်သို့ ဒုတိယအကြိမ်အဖြစ် ပေးအပ်ခဲ့ကြောင်းသိရသည်။
နောယော်ဘော်(ပြန်/ဆက်)