မိုးနဲမြို့ ဆဲဖယ်ကျေးရွာဟောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းကွင်းဆင်း ဆောင်ရွက်ပေး

မိုးနဲ   စက်တင်ဘာ   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု ၊ဆဲဖယ်ရွာဟောင်း၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးစိုင်းမြစိုးလှိုင်နှင့်ဝန်ထမ်းများက ကျေးရွာအတွင်းရှိပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်၊ လဲလှယ်၊ ထုတ်ပေးခြင်း လုပ်ငန်း များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  အသက် ၁၀ နှစ်အထက် နိုင်၃(က) ၅ ဦး ၊ အသက် ၁၈ နှစ်အထက် နိုင်၆(က) ၂၂ ဦး စုစုပေါင်းနိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးသူ ၂၇ ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း ၁၃ စု တို့ကို စက်တင်ဘာလ ၁၁ ရက်မှ ၁၂ ရက်နေ့အထိ ၂ ရက်ကြာကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး  နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံး သူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း ၊အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းများ ကိုလည်းတစ်ဆက်တည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုးနဲမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။              

မျိုးညွန့်ရွှေ (မိုးနဲ)