ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ရှေးဦးပြုစုခြင်း နေ့စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်  စက်တင်ဘာလ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို "ရှေးဦးပြုစု  သူရဲကောင်းများ ကျောင်းနှင့်ရပ်ရွာမှ မွေးထုပ်ထား'' ဆောင်ပုဒ်ဖြင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ယမန်နေ့ နေ့လယ် (၁၂)နာရီမှ  ညနေ (၄)နာရီအချိန်ထိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးပြုစုနည်းနှင့်ပတ်သက်သည့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ၊ နှစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ စေတနာ့လုပ်အားရှင် တပ်ဖွဲ့ဝင်များမှဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ (ပထမ၊ဒုတိယ၊ တတိယ)များအား ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို  ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မိုးကြည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တပ်ဖွဲ့မှူး ဦးခင်သန်း၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ  ဦးအောင်ကျော်မျိုး နှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်တို့မှ ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ  ဦးကျော်မိုးကြည်နှင့် တိုင်းEcအမှု ဆောင်ဦးရန်အောင်မျိုး၊ တိုင်းကြက်ခြေနီတပ်ဖွဲ့ ဒုတိယ တိုင်တပ်ဖွဲ့မှူး (ယာယီ) ဦးနေလင်းထွန်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တပ်ဖွဲ့မှူး ဦးခင်သန်း၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ  ဦးအောင်ကျော်မျိုး နှင့် Ec အမှုဆောင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်နှင့် တပ်ဖွဲ့ဝင်အရာရှိများ၊ ပြိုင်ပွဲဝင်တပ်ဖွဲ့ဝင်များ အသီးသီး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာကျော်