ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၁၅၆၅ ဦး ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး

ညောင်ဦး  စက်တင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများ ထိုးနှံပေးလျှက်ရှိရာ ယနေ့ထိ ၁၅၆၅ ဦး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန၊ ဦးဝင်းအောင် (ဒုတိယညွှန်ကြားရေးမှူး)ပုဂံရုံးခွဲထံကသိရသည်။

ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် စက်တင်ဘာ ၁၂ရက်နေ့ထိ ၁၅၆၅ဦးကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ရာ ဟိုတယ်/ တည်းခို ရိပ်သာများမှ ဝန်ထမ်း ၁၅၆၅ဦး၊ခရီးသွားသယ်ယူပို့ဆောင်ရေးအသင်းမှ ၉ဦး၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ ၄၇ဦး၊ ဧည့်လမ်းညွှန်အသင်းမှ ၁၅ဦး၊ ခရီး သွားကုမ္ပဏီ ၅ ခုမှ ၁၅၃ တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကာ ကျန်ရှိဟိုတယ်ဝန်ထမ်း များကိုလည်း ဆက်လက်ထိုးနှံပေးနိုင်ရေးဆောင်ရွက်နေကြောင်း ညောင်ဦးမြို့နယ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ပုဂံရုံးခွဲမှ လက်ထာက်ညွှန် ကြားရေးမှူး ဦးမျိုးမင်းအောင်က ရှင်းပြသည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲလက်အောက်ရှိ ဟိုတယ်/တည်းခို ရိပ်သာများနှင့် ခရီးသွားကဏ္ဍများတွင် ဝန်ဆောင်မှုပေးလျှက်ရှိသော ညောင်ဦးမြို့နယ် ပုဂံ မြို့၊ ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ဟိုတယ်/တည်းခိုရိပ်သာဝန်ထမ်းများ၊ ခရီးသွားသယ်ယူပို့ဆောင်ရေးအသင်းမှ အသင်းသား/သူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင် များမှအသင်းသား/သူများ၊ ဧည့်လမ်းညွှန်အသင်းမှအသင်းသား/သူများ၊ ခရီးသွားကုမ္ပဏီ ငါးခုမှအသင်းသား/သူများ ပထမအကြိမ်၊ဒုတိယအကြိမ်၊တတိယအကြိမ်ထိထိုးနှံပေးပြီး ဖြစ်ကာ  ၁၅၆၅ ဦးလုံး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်ထိုး နှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရကာ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသသို့ လာ ရောက်လည်ပတ်မည့် ခရီးသွားပြည်သူများ၊ပြည်ပဧည့်သည်များအားဘေးကင်းလုံခြုံသော ခရီးသွားကဏ္ဍအဖြစ်ဖော်ဆောင်ပေးနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသတ်မှတ် စည်းကမ်းချက်များနှင့်အညီထိုးနှံပြီးကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ ညောင်ဦးမြို့နယ်၊မြို့နယ်စီမံ အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊(ပုဂံရုံးခွဲ)မှ ဦးဝင်းအောင်(ဒုတိယညွှန်ကြားရေးမှူး)၊ ဦးမျိုးမင်းအောင်(လက်ထောက်ညွှန်ကြားရေးမှူး)တို့၏ ပေါင်းစပ်စီစဉ်မှု၊ ကျန်းမာရေးဝန်ထမ်းများ၏ကူညီအားဖြည့်မှု၊ ညောင်ဦးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရကာ ညောင် ဦးမြို့  Royal Palace ဟိုတယ်၊ BOB Balloon အဖွဲ့နှင့် သံတဲဟိုတယ်တို့မှ ထမင်း၊ ဟင်း များဖြင့် ဒါနပြုကျွေးမွေးခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD