မိုင်းတုံ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုင်းတုံမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စင်တာများသို့ အားဖြည့်အစား အစာများထောက်ပံ့လှူဒါန်းပေးခြင်းကို ယနေ့နံနက် (၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုင်းတုံမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာတတိယလိုင်းတွင် ကိုဗစ်စင်တာများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် ကျန်းမာရေးမကောင်းသူများ၊ ကိုဗစ်စင်တာများတွင် တာဝန်ကျသူများအတွက် အားဖြည့်အစားအစာများဖြစ်သော ကြက်ဥ(၁၅)ကတ်၊ ခေါက်ဆွဲခြောက်(၅)ဖာ၊ သီးစုံဓာတ်ဆား (၁)ဖာ၊ ရေသန့်(၁၀)ကတ်၊ (Hand Sanitizer) (၅)ဘူးနှင့် နှာခေါင်းစည်း Mask (၁၀)ဘူးတို့ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးစောလွင်မိုးက ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလွင်မိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်