မိုင်းခုတ် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ စိုက်ပျိုးရေး ဦးစီးဌာနသည် ယခုနှစ်ဆောင်းသီးနှံအတွက် အစေ့ထုတ်ပြောင်း မျိုးစေ့များကို ယနေ့နံနက်ပိုင်းက ဘာထန်ကျေးရွာမှ တောင်သူများအား ထောက်ပံ့ ပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အစေ့ထုတ်ပြောင်းမျိုးစေ့များ ထောက်ပံ့ပေးရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစဌေးဝင်းက တောင်သူများအား ပြောင်းစိုက်ပျိုးခြင်း နည်းပညာများ၊ ပြောင်းပင်များ အပင်သန်စေရေးအတွက် ပေါင်းမြက် ရှင်းလင်းခြင်း၊ သဘာဝမြေဩဇာ နောက်ချေးသုံးစွဲခြင်း များကို ရှင်းလင်းပြောကြားပြီး ပြောင်းစိုက်တောင်သူ ငါးဦးအား (၁၀)ကီလိုရှိ အစေ့ထုတ် ပြောင်းမျိုးစေ့ထုတ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့မှ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိကထား လုပ်ကိုင်ကြရာ မိုးစပါးများ စိုက်ပျိုးပြီးချိန်တွင် ဆောင်းသီးနှံများဖြစ်သည့် အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်းနှင့် အခြားသီးနှံများကို ယာခင်း၌ ထွန်ယက် စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အားချာ