ဆီဆိုင်မြို့စာသင်တိုက်ရှိ ရဟန်းသံဃာတော်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသွားရောက်ထိုးနှံပေး

ဆီဆိုင်     စက်တင်ဘာ    ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ရဟန်းသံဃာတော်များအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀နာရီက ဆီဆိုင်မြို့ဇဝနာရာမစာသင်တိုက်နှင့် ဥတ္တရာရုံစာသင်တိုက်တို့၌ သွားရောက်ထိုးနှံပေးသည်။

ကာကွယ်ဆေးသွားရောက်ထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ကျဌာနဆိုင်ရာတာဝန်ရှိသူများမှကြပ်မတ်စီစစ်၍ လူမှုရေးအသင်း အဖွဲ့များနှင့်အတူပူးပေါင်းကာ ရဟန်းသံဃာတော်များအား ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ် ပေးပြီး  စနစ်တကျထိုးနှံပေးသည်။

ဆီဆိုင်မြို့နယ်တွင် ဩဂုတ် ၂၉ ရက်နေ့မှ စက်တင်ဘာ ၁၀ ရက်နေ့အထိ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ (၄၆၃၆)ဦးရှိပြီဖြစ်ကြောင်းသိရသည်။

မျိုးမြတ်(ဆီဆိုင်)