ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ကိုဒုတိယအကြိမ် ထိုးနှံပေးပြီးသူ ယမန်နေ့အထိ စုစုပေါင်း ၄၈၁၉ ဦးရှိပြီဖြစ်

 

ပင်လောင်း  စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၅) နေရာခွဲ၍ဆက်လက် ထိုးနှံပေး လျက်ရှိသည်။ ထိုသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့်ကျန်းမာရေး၀န်ထမ်းများ၊သက်ဆိုင်ရာ ဆေးထိုးစုရပ်များရှိတိုက်နယ် ဆေးရုံများမှ ဆရာ၀န်များနှင့်ကျန်းမာရေး၀န်ထမ်းများက အသက်(၆၅)နှစ်နှင့်အထက်ဘိုးဘွား(၁၁၀၄)ဦး၊ အစိုးရ/ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်း(၁၂)ဦး၊Volunteer/ပရဟိတ(၃၂၈)ဦး၊ဘုန်းကြီး/သီလရှင် /ဘာသာရေး ကျောင်းမှ(၁၃၆)ဦး၊နိုင်ငံဝန်ထမ်း(၄၃၆)ဦး၊ နိုင်ငံ့ ဝန်ထမ်းမိသားစု(၃၆၀)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၄၁)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း(၂၉၇)ဦး၊ ဟိုတယ်/မိုတယ်/တည်းခိုခန်း(၆)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း(၁၅၃)ဦး၊စူပါမတ်ကတ်/ စျေးသည်(၁၈၄၂)ဦး တို့အား ကျန်းမာရေးနှင့်အား ကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့် အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး ခဲ့ကြောင်းသိရသည်။

 ပင်လောင်းမြို့နယ်တွင် ဇူလိုင် ၃၀ ရက်နေ့မှ သြဂုတ် ၆  ရက်နေ့ထိ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် မိဘပြည်သူ ၆၀၇၄ ဦးတို့အား သြဂုတ်၂၉ ရက် မှ စက်တင်ဘာ ၁၀ရက်နေ့ အထိပင်လောင်းမြို့အ.ထ.က(၂)၊ နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်၊တီကျစ် အ.ထ.က၊ ပင်ခွန် အ.ထ.က၊ ပေါင်းလောင်း တလိုင်းမ အ.ထ.က စသည့်စုရပ်များတွင် ဒုတိယအကြိမ် ကာကွယ်ဆေးကိုဆက်လက်ထိုးနှံပေးခဲ့ရာ စုစုပေါင်း(၄၈၁၉)ဦးရှိပြီဖြစ်ကြောင်းသိရသည်။

ထွန်းလင်း(ပင်လောင်း)