တွံတေး စက်တင်ဘာ ၁၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီမှစ၍ အ.ထ.က(၁) ကျောင်းယုဇနခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုလည်း အ.ထ.က (၁)ကျောင်းယုဇနခန်းမ နှင့်ကျေးရွာအုပ်စု စုရပ်(၁၃)နေရာသတ်မှတ်၍ ပထမအကြိမ်နေရာများအတိုင်းဒုတိယအကြိမ် တွင်လည်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင် အရေးပေါ်တုံ့ပြန့်ရေးကော်မတီထံမှသိရသည်။
ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုသြဂုတ် ၂ ရက်နေ့မှ ၂၅ရက်နေ့အထိ လူဦးရေစုစုပေါင်း ၆၈၄၂ ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်တွင်လည်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား တွံတေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာတွံတေး မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှူး ဒေါက်တာ မျိုးဇော်လှနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊စေတနာလုပ်အားရှင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ အဘိုးအဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များအား စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး (SINOPHARM)ကိုမြို့ပေါ်ရပ်ကွက်ရှိအသက်၆၅ နှစ်အထက်ဘိုးဘွားများနှင့်စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့၀န်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာ ရေး ဝန်ထမ်းများကို ယနေ့နောက်ဆုံးရက်အနေဖြင့်အ.ထ.က(၁)ယုဇနခန်းမ၌ ဆက်လက်ထိုးနှံပေး လျက်ရှိပြီး ကျေးရွာအုပ်စုများ၌လည်းစက်တင်ဘာ ၁၂ ရက်နေ့မှစတင်ကာ ယခင်စုရပ်များ အတိုင်းအသံချဲ့စက်ဖြင့်ကြိုတင်အသိပေးကြေညာ၍ ကွင်းဆင်းဆောင်ရွက်ပေးသည့်ရက်စွဲများအတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။