ချီဖွေ စက်တင်ဘာ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက် လမ်းဆုံ လမ်းခွများနှင့် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ရန်၊ တတ်နိုင်သမျှ အိမ်တွင်း၍သာ နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မေန တပ်ဆင်သွားလာရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းများကို ရှောင်ကြည်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် မိဘပြည်သူများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လမ်းညွှန်ချက်များကို အသံချဲ့စက်ဖြင့် မြို့နယ်ကိုဗစ် အသိပညာပေးကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း နှိုးဆော် ပေးခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ် ဒေသခံပြည်သူများအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့များ များပြားလာသည့်အလျောက် မပေါ့ဆသင့်ကြောင်း၊ မြို့တွင်းသို့ ထပ်မံကူးစက် ဝင်ရောက်မှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ သူကြီးများနှင့်ညှိနှိုင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ၊ ည(၉)နာရီနောက်ပိုင်း အိမ်အပြင်ထွက်သူများ မရှိစေရေး လှည့်ကင်း၊ ပတ်ကင်း များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသဖြင့် ဒေသခံပြည်သူများမှ အလေးထားလိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း၊ မြို့နယ်ကိုဗစ်၁၉ ကော်မတီ၊ အသိပညာပေး ဆော်သြမှု ကြီးကြပ်ရေးဥက္ကဋ္ဌထံမှ သိရသည်။
ချီဖွေ(မြို့နယ်ပြန်/ဆက်)