တနင်္သာရီ စက်တင်ဘာလ ၁၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သိန်းခွန်းကျေးရွာအုပ်စု ထုံခါရွာရှိ အကျဉ်းဦးစီးဌာန ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း (ထုံခါ)ရွာရှိ လုပ်အားရှင် အကျဉ်းသား(၁၅၃)ဦးတို့အား (ဒုတိယ)အကြိမ်၊ ကိုဗစ်ကာကွယ်ဆေးကို စခန်းတာဝန်ခံရုံးအတွင်း ယမန်နေ့က ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ဆင်ဖြူရှင်စခန်းမှ အကျဉ်းသားများအား ကာကွယ်ဆေးထိုးနှံပေးရန် ကျန်းမာရေး ဝန်ကြီးဌာ၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်းနှင့် ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင်စခန်း(ထုံခါ)မှ တာဝန်ခံ ဦးစီးအရာရှိ ဦးအောင်ဇေယျတို့က အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကြိုတင်ညှိနှိုင်း၍ ၂၀၂၁ခုနှစ်၊ ယနေ့ရက်နေ့က (ပထမ)အကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း