အင်းစိန်မြို့နယ်၌ ယာဉ်မတော်တဆမှုဖြစ်ပွားရာ ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးအား ကြက်ခြေနီအသင်း(အင်းစိန်)မှ ရှေးဦးပြု စုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ဆေးရုံသို့ပို့ဆောင်

 

ရန်ကုန်  စက်တင်ဘာ  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ယမန်နေ့ညက ယာဉ်မတော်တဆ မှုဖြစ်ပွားကြောင်းသိရသဖြင့် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူများက အချိန်နှင့်တစ် ပြေးညီသွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့ပြီး ဒဏ်ရာရရှိသူကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားအဆင်းတွင် ရပ်ထားသောတွဲကားအား အိမ်စီးကားမှ ဝင်ရောက်တိုက်မိရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း  သိရသဖြင့် ကြက်ခြေနီအ သင်း (အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့လုပ် အားရှင်များက လူနာတင်ယာဉ်ကားဖြင့် အချိန်နှင့်တစ်ပြေးညီ အဆိုပါဖြစ်ပွားသည့် နေရာသို့သွားရောက်၍ ဒဏ်ရာရရှိသူအမျိုးသား တစ်ဦးအား ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လှိုင်သာယာဆေးရုံသို့  ပို့ဆောင်ပေးခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား (၃)စီးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်းသိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)