ဒေါပုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များ အဖိုးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ရန်ကုန် စက်တင်ဘာ ၁၀

ကိုဗစ်-၁၉‌‌‌‌‌ ရောဂါ ကူးစက်ပြန့်ပွား‌နေစဉ် ကာလအတွင်းပြည်သူများ စား‌‌သောက်ရေး လွယ်ကူလျှင်မြန်‌‌စေရန် မြန်မာနိုင်ငံဆန်ကုန် သည်များအသင်းမှအခြား စား‌သောက်ကုန်များ ကို ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်များ၌‌ ရောင်းချ‌‌ပေးလျှက်ရှိရာ အခြေခံ စား‌‌သောက်ကုန်များဖြစ်ကြသည့် ဆန်၊ဆီ၊ကြက်ဥစသည်များကို ယနေ့နံနက် (၈)နာ‌ရီအချိန်တွင် ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်ရှိ မဏ္ဍိုင်လမ်းမကြီးနှင့် ရွှေစေတီလမ်းထောင့်တွင်လည်းကောင်း၊ ဇေယျာသီရိရပ်ကွက်ရှိ ပေ(၈၀) လမ်းမ ကြီး၊ ဓမ္မာရုံ‌ရှေ့တွင် လည်းကောင်း၊‌ ရွေ့လျားယာဉ်ဖြင့် အဖိုးနှုန်းသက်သာစွာ လိုက်လံရောင်းချ ပေးခဲ့ ကြောင်း သိရသည်။

ရောင်းချ‌ပေးရာတွင် ကြက်ဥ(၁၀)လုံး တစ်ကပ်လျှင်-၁၃၀ဝိ/-ကျပ်၊ ဆီ(၅၀)ကျပ်သား တစ်ဘူးလျှင် (၁၈၅၀ဝိ/)ကျပ်၊ ဧည့်မထ (၅)ပြည်ဝင် တစ်အိတ်လျှင်(၅၀၀ဝိ/)ကျပ်၊ ပေါ်ဆန်း(၅)ပြည် တစ်အိတ်လျှင် (၈၅၀ဝိ/)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံ ပြည်သူများက ကြက်ဥ(၁၀၀)ကတ်၊ ဆီ(၁၃၆)ဘူး၊ ဧည့်မထ(၆၀)အိတ်နှင့် ပေါ်ဆန်း(၇၅)အိတ်တို့ကို ဝယ်ယူခဲ့ကြသည်။

အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ဒေါပုံမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သင်းနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၇)မြို့နယ်၌ ထိုသို့ လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)