မန်တုံ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံမှုကို ယမန်နေ့ နံနက်(၉)နာရီမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် မန်တုံမြို့နယ် မြို့နယ်စီမံကော်မတီဥက္ကဋ္ဌက စနစ်တကျ စီမံဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက် ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စာရင်းဇယား မှတ်တမ်း ရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး Sinopharm အမျိုးအစား (၂၂)လုံးကို Supermarket (၁၁)ဦး၊ Volunteer/ ပရဟိတ(၅)ဦး၊ ပုဂ္ဂလိကအလုပ်ရုံ/ အလုပ်ရုံဝန်ထမ်း(၆)ဦး စုစုပေါင်း(၂၂) ဦး ထိုးနှံပေးခဲ့ကြပြီး ထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့်နားနေစေကြောင်း သိရသည်။
ဆက်လက်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိသော မန်တုံမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးထိုးနှံရန် ကျန်ရှိသူများအား ထိုးမည့်နေ့ရက်ကို ထပ်မံကြေညာပြီး ထိုးပေးသွားမည်ဖြစ် ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။ ထိုသို့ ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုတွင် မြို့နယ်စီမံကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ သူနာပြုဆရာမများ၊ ပရဟိတအသင်းအဖွဲ့များ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်တုံ (ပြန်/ဆက်)