မင်္ဂလာဒုံမြို့နယ်တွင်းရှိ သံဃာတော်နှင့် သီလရှင်(၁၅၇၀)ပါးအား ပထမအကြိမ် ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

မင်္ဂလာဒုံ    စက်တင်ဘာ      ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်နှင့် သီလရှင်ကျောင်းများမှ သီလရှင် စုစုပေါင်း (၁၅၇၀) ပါးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မင်္ဂလာဒုံမြို့နယ် သာသနာနုဂ္ဂဟဝေယျာဝစ္စ ဆန်လှူအသင်းကြီး၏ ဓမ္မာရုံတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးဝန်ထမ်းများက စတင်ဘာလ ၆ ရက်နေ့မှ စတင်၍ သံဃာတော်နှင့် သီလရှင်များအား ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ စက်တင်ဘာလ ၉ ရက်နေ့အထိမှာ သံဃာတော် (၁၁၃၅)ပါးနှင့် သီလရှင်(၄၃၅)ပါး၊ စုစုပေါင်း သံဃာတော်နှင့် သီလရှင် (၁၅၇၀) ပါးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများ၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်နှင့် သီလရှင်များထဲမှ ပထမအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော သံဃာတော်နှင့် သီလရှင်များကိုလည်း သတ်မှတ်ရက်များတွင် ဆက်လက်၍ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအကြိမ်ဆေးထိုးပြီးသည့် သံဃာတော်နှင့် သီလရှင်များအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို  အောက်တိုဘာလ(၂၈)ရက်နေ့မှစတင်၍ သတ်မှတ်ရက်များ အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)