မိုင်းဆတ်မြို့၌ ကြက်ခြေနီအသင်းဝင်များအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်(၆)မျိုး ထောက်ပံ့ပေးအပ်

မိုင်းဆတ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကြက်ခြေနီအသင်းဝင်များအား ထောက်ပံ့ငွေနှင့် အခြေခံ စားသောက်ကုန်(၆)မျိုးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ဝိန်းနေရပ်ကွက်တွင်ကျင်းပ သည်။

ရှေးဦးစွာ ခရိုင်ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမွန်းဆေသောင်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ဆားနှင့် ကြက်ဥတို့ကိုပေးအပ်ရာ ဦးစိုင်းထွန်းဦးက လက်ခံရယူပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးသန်းဝေ တို့က တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၅၀၀၀)နှင့် အခြေခံစားသောက်ကုန်(၆)မျိုးအားပေးအပ်ရာ တာဝန်ရှိ သူတို့က လက်ခံရယူခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသည့် ကြက်ခြေနီအသင်းသား/သူများအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)