မိုင်းခုတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

မိုင်းခုတ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား နိုင်ငံတော်က ထောက်ပံ့ပေးသည့် အမျိုးသားလူမှုရေး ပင်စင်ငွေများကို ယနေ့က ရပ်/ကျေးစီမံအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် နိုင်ငံတော်က ထောက်ပံ့ပေးသည့် အမျိုးသားလူမှုရေး ပင်စင်ငွေ တတိယသုံးလပတ်ဖြစ်သည့် ဧပြီလ၊ မေလနှင့် ဇွန်လတို့ အတွက် တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းစီဖြင့် စုစုပေါင်းငွေကျပ် သုံးသောင်းကို ဘိုးဘွားတစ်ဦးချင်းစီ၏ နေအိမ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၀)ဦး အတွက် ငွေကျပ် သုံးသိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အားချာ၊ အောင်လွင်ဌေး