ရှမ်းရွာသစ် စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်နေပြည်သူများ လူမှုဘဝတိုးတက်စေရန် ရည်ရွယ်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့် ဆက်စပ်ပစ္စည်း(၆၁)စုံကို ယနေ့ နံနက်ပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများတို့က လိုက်လံပေးအပ်လျက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က ၎င်းဆိုလာပါဝါများသည် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းတို့အတွက် ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ဆိုလာအသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီး ကျောင်းနှင့် တိုက်နယ်ဆေးရုံတို့အတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်း (၂)စုံကို လက်ဝယ်အရောက် ပေးအပ် ခဲ့ပြီး ကျန်ရှိသည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကိုလည်း ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် ဆေးပေးခန်း တို့အတွက် တာဝန်ရှိသူများတို့က ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ရှမ်းရွာသစ်(ပြန်/ဆက်)