ဟားခါး စက်တင်ဘာ ၉
ဟားခါးမြို့တွင် ယနေ့ စက်တင်ဘာလ ၉ ရက်၌ သံသယရှိသာ ၂၃ ဦး Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၂၀ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
ဟားခါးမြို့နယ်အတွင်း ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ (၈၂၅)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၆၅၅)ဦး၊ သေဆုံးသူ (၂၄)ဦး၊ ဆေးကုသမှုခံယူဆဲ (၁၄၆)ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ခရိုင် ( ပြန် / ဆက် )