ဒဂုံ စက်တင်ဘာ ၁၀
ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် “လူမူဘဝပြည့်စုံဖို့ နိူင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်မှ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နိူင်ငံသားများ မကျန်ရှိစေရန် ရှင်းလင်း ဆွေးနွေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်က ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်(၇)မျိုးနှင့် စပ်လျဥ်း၍ ဆောင်ရွက်ရမည့် အချက်များအား ပူးပေါင်းပါဝင် ဆောင်ရွက်မည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးတာဝန်ခံ စာရေးများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ “လူမူဘဝပြည့်စုံဖို့ နိူင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် ဗီနိူင်းများကို လူစည်ကားရာ နေရာများတွင် စိုက်ထူခြင်းနှင့် ပန်းခင်းစီမံချက်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်တွင် နေထိုင်မှုပုံစံများအလိုက် ဆောင်ရွက်ပေးရမည့် အမျိုးအစား၊ အိမ်ထောင်စု စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ခြင်း၊ လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင် စုစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများ အတွက်ဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်းနေထိုင်သူမျာ အတွက် မူလဒေသ အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ခြင်း ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသလက်ရှိဒေသတွင် အိမ်ထောင်စုစာရင်း ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ခြင်း၊ နိုင်ငံသားစီစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိူင်ရေး ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
ဒဂုံမြို့နယ် (ပြန်/ဆက်)