ပုဗ္ဗသီရိ ဩဂုတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်အောင်က မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု(၁၈၂၂၂)ရှိသည့်အနက် အိမ်ထောင်စု(၁၂၆၈၂)စုအတွက် ထောက်ပံ့ငွေ များကို ဇူလိုင် ၂၈ ရက်နေ့ကထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ကျန်ရှိနေသည့် အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေများပေးအပ်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရန် နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျပေးအပ်သွားကြရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူတို့က ထောက်ပံ့ငွေပေးအပ်ရန် ကျန်ရှိသည့်အခြေခံ လူတန်းစား အိမ်ထောင်စု(၅၅၄၀)စုအတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း ၁၁၀၈၀၀၀၀၀ ကျပ်ကို သက်ဆိုင်ရာရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အခြေခံလူတန်းစား အိမ်ထောင်စု များ ထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ကံချွန်(ပြန်/ဆက်)