ဗန်းမော် စက်တင်ဘာ ၉
ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာရှိ နေအိမ်များသည် ဧရာဝတီမြစ်ရေ ရေတိုက်စားမှု ကြောင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ နေထိုင်နေရသည့် အိမ်ထောင်စု( ၆ )စုအား ယနေ့ နံနက် ၁၀ နာရီခန့်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေ ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ရေဘေးလွတ်ရာသို့ ယာယီ ပြောင်းရွှေ့ နေထိုင်ခဲ့ရသည့် ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာရှိ အိမ်ထောင်စု(၆)စု၊ လူဦးရေ ( ၃၀ ) ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဌေးနှင့်ဝန်ထမ်းများက သွားရောက်၍ တစ်ဦးလျှင် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ( ၂၁၀၀ ) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ ( ၆၃၀၀၀၀) ကျပ်ကိုလည်းကောင်း၊ အိမ်ထောင်စု တစ်စုလျင် အိမ်ဆောက် တန်ဖိုး ငွေကျပ် (၁)သိန်း နှုန်းဖြင့် အိမ်ထောင်စု(၆)အတွက် ငွေကျပ်(၆)သိန်းကို လည်းကောင်း လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရှိရသည်။
မြသက်