ကော့ကရိတ် စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌(၂၀၂၀-၂၀၂၁)ဘဏ္ဍာ ရေးနှစ်အသက် (၈၅)နှစ် အထက်သက်ကြီး ဘိုးဘွားများကို တတိယကြိမ် လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃နာရီချိန်က ကော့ကရိတ် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းဝေက လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဘိုးဘွားများတို့၏ လက်ထဲသို့ထောက်ပံ့ငွေများ ရောက်ရှိအောင်သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကဆောင်ရွက် ပေးစေရေး စသည်ဖြင့် အမှာစကားပြောကြားသည်။ ထိုနောက်လူမှူရေးပင်စင်ထောက်ပံ့ငွေများကို ခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ဋ္ဌ ဦးကျော်ကျော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမင်းဇော်ဇော်လတ်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်အေးအေးသင်းတို့မှပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူများကလက်ခံရယူကြသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၁၁)ခု၊ ကျေးရွာ(၅၀)ရွာရှိ ဘိုးဘွား (၁၂၂၂) ဦးအားတစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ကျပ်(၃၆၆၆၀၀၀၀/)တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း