နောင်ချို စက်တင်ဘာ ၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များသည် နောင်ချိုမြို့ သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းသို့ ယမန် နေ့လယ် ၁ နာရီအချိန်က ရောက်ရှိကာ ကိုဗစ် -၁၉ရောဂါကုသရေး စင်တာ အတွက် အလှူငွေများနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သဖန်းကိုင်းပရဟ တလူမှုကူညီရေး အသင်း ကိုဗစ်-၁၉ရောဂါကုသရေးစင်တာတွင် လူနာများအား ကုသဆောင်ရွက်နေမှု အခြေအနေများကို ကျန်းမာရေး ဆိုင်ရာညွှန်ကြားချက်နှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ကုသရေးစင်တာ တွင် အသုံးပြုရန် အလှူငွေ ကျပ် ၁၀ သိန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆပ်ကပ် လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတ ဆရာတော်နှင့် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးရှိုင်းဇာနည်တို့က လက်ခံရယူခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုန့် ပြန်ရေး ကော်မတီထံမှ သိရသည်။
ထွေးငယ်