ဥတ္တရသီရိ စက်တင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိအသက်(၆၅)နှစ်နှင့်အထက် ဒေသခံ ပြည်သူများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား စက်တင်ဘာ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို အ-ထ-က၊ မင်းကုန်းတွင် ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသူများအား ယနေ့နံနက်(၉)နာရီမှ စတင်၍ အမှတ်(၁၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)မထိုးမှီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ အပူချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေး ကောင်းမွန်သူ များကိုသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း တို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလင်းပြည်သိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် ဥတ္တရသီရိမြို့နယ် အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက်ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း လူဦးရေ(၅၀၀)ကျော်ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)