မန္တလေး စက်တင်ဘာ ၉
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဌာနီရှေ့နယ် လုံးဆိုင်ရာ လူမှုကူညီရေးအသင်းသို့ အလှူရှင် မိသားစုက လူနာတင် ယာဉ်တစ်စီးလှူဒါန်းခြင်းကို ယနေ့နံနက်၁၀နာရီက အမရဌာနီအရှေ့ရပ်ကွက်၊ ၉လမ်း၊၇၆လမ်းနှင့် ၇၇လမ်းကြားရှိ အလှူရှင်မိသားစု၏ နေအိမ်ရှေ့၌ ပြုလုပ်သည်။
အလှူရှင် မိသားစုဖြစ်သော အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၃)၊ ၉လမ်း၊ ၇၆လမ်းနှင့်၇၇ လမ်းကြားနေ အလှူဒါယကာ(ဦးသက်ရင်)အား ရည်စူး၍ အလှူဒါယိကာမ သုဓမ္မသိင်္ဂီ၊ သီဟသုဓမ္မသိင်္ဂီ၊ အဂ္ဂမဟာသီရိသု ဓမ္မသိင်္ဂီဒေါ်စမ်းစမ်း" ရွေပြည်သာ"ကျောက်စိမ်းတူးဖော်ထုတ်လုပ် ရောင်းဝယ်ရေးသ/မ လီမီတက်မိသားစုက ဌာနီရှေ့နယ် လုံးဆိုင်ရာလူမှုကူညီရေးအသင်းသို့ ALPHARD(G)ခဲရောင် လူနာတင်ယာဉ်တစ်စီးအား ပေးအပ် လှူဒါန်းရာ ဌာနီရှေ့နယ် လုံးဆိုင်ရာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးရန်မျိုးအောင်၊ အတွင်းရေးမှူး(၁) ဦးကျော်ဇေဟန်တို့က လက်ခံရယူကြပြီး၊ အလှူရှင်မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)