ဆွမ်ပရာဘွမ် စက်တင်ဘာ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသနိုင်ရန် အတွက် ခရီးသွား မိဘပြည်သူများအား RTD(Tset Kit)ဖြင့် စစ်ဆေးခြင်းကို ယနေ့နံနက် ၇နာရီခွဲအချိန်က မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားဖြင့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင် ယာဉ်များ၊ ဆိုင်ကယ်ဖြင့် ခရီးသွားပြည်သူများအား သွေးချင်းတို့ပျော်ရာမြေဆွမ်ပရာဘွမ်မြို့အဝင် ချစ်သူတံတား ကျန်းမာရေးစစ်ဆေးဂိတ်က ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ကျန်းမာရေးထောက်ခံစာကိုင်ဆောင်ထားခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ မှတ်သားခြင်းနှင့် ခရီးသွားမိဘပြည်သူများက ကျန်းမာရေးစစ်ဆေး လက်မှတ်ကိုင်ဆောင်ထားခြင်း မရှိပါက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် RTD(Test Kit)ဖြင့်စစ်ဆေးမှု ခံယူရန်နှင့် ခရီးသည်တင်ယာဉ်မှ တစ်ဦးပိုးတွေ့ရှိပါက ပိုးတွေ့သူအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူရမည်ဖြစ်ပြီး အတူလိုက်ပါလာသူများကိုလည်း ဘန်ရူခန်းမ၌(Quarantine)အဖြစ် ထားရှိကာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပါက သက်ဆိုင်ရာမြို့နယ်များသို့ သွားခွင့်ပြုမဖြစ်ကြောင်းသိရ သည်။
အဆိုပါခရီးသွားမိဘပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ကော်မတီဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ရောဂါ ကာလအတွင်းရက် အကန့်အသတ် မရှိ နံနက်၇နာရီခွဲမှ ညနေ၆ကြားတွင် စစ်ဆေးပေးသွားမည်ဖြစ်ရာ ခရီးသွား မိဘပြည်သူများမှလည်း ပူးပေါင်းပါဝင်ခြင်းဖြင့်ကြည်ဖြူစွာ လက်ခံစစ်ဆေးသွားရန်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်