မိုင်းပျဉ်းမြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးဧကပေါင်း ၁၃၃၇၅ ဧက စိုက်ပျိုးပြီးစီး

 

 

မိုင်းပျဉ်း စက်တင်ဘာ ၉

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများ ကို အဓိကထားလုပ်ကိုင်ကြရာ ၂၀၂၁-၂၀၂၂ ခုနှစ်၌ မိုးစပါးဧကပေါင်း ၁၃၃၇၅ ဧက စိုက်ပျိုးပြီးစီးထား ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

မိုးစပါးများစိုက်ပျိုးရာတွင် မိုးကောင်းရေသောက်စနစ်ဖြင့်စိုက်ပျိုးကြရာ လယ်စပါး (၅၆၁၅) ဧက၊ ယာစပါး (၁၉၉၀)ဧကနှင့် တောင်ယာစပါး(၅၇၇၀)ဧကရှိ၍ စုစုပေါင်းမိုးစပါးစိုက်ပျိုးမှု (၁၃၃၇၅)ဧက စိုက်ပျိုးပြီးစီးထားကြောင်းနှင့် အောက်တိုဘာ၊ ဒုတိယအပတ်တွင် ရိတ်သိမ်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ ဩဂုတ်လနောက်ဆုံးပတ်စာရင်းများအရ သိရ သည်။

 

မိုးစပါးများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးထက်နှင့် ဝန်ထမ်းများက တောင်သူများနှင့် အနီးကပ်ပူးပေါင်း၍ မြေမှန်၊ မျိုးမှန်၊ ရာသီမှန် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မိမိလယ်မြေနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးရကြောင်းနှင့် မိုးစပါးမျိုးသန့်စံပြကွင်း၌ မျိုးကွဲနုတ်ပယ်ခြင်း၊ သွင်းအားစုများ ကြဲပက်ခြင်း၊ ပိုးသတ်ဆေးကို အချိန်မီဖြန်းနိုင်ရေးနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းကို ကွင်းဆင်းဆောင်ရွက်ပြီး မိုးစပါးအထွက်နှုန်းကောင်းစေရေးအတွက် ရှင်းလင်းစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။

 

 

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)