ကျောက်ဆည် စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂-ခုနှစ် မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပြီး လျာထားစိုက်ဧကပြည့်မီရေးနှင့် စိုက်ပျိုးရေးလိုအပ်ချက်မရှိစေရေးအတွက် မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေ ပေးဝေ သည့်မြောင်များတွင် ရေပေးဝေသည့်ရက်ပတ်အလိုက် အလှည့်ကျ ပေးဝေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂-ခုနှစ် မိုးစပါးများစိုက်ပျိုးရာတွင် ကင်းတားဆည်ရေသောက်စနစ် ဖြစ်သော သင်းဒီးမြောင်းတွင် (၅၉၁၀)ဧက၊ ထုံးကြီးမြောင်းတွင် (၂၅၂၁)ဧက၊ စမာမြောင်းတွင် (၇၀၇၂)ဧက၊ ဒီဝိုင်-၂၅ မြောင်းတွင် (၅၂၄)ဧက၊ သစ်တက်ကုန်းဆည် ရေသောက်စနစ်ဖြစ်သော သစ်တက်ကုန်းမြောင်းတွင် (၄၃၆)ဧက၊ မိုးကောင်းရေသောက်စနစ်ဖြစ်သည့် ရဲရမန်းဘော်တောင်ဒေသတွင် (၂၃၂)ဧက နှင့် ရဲဘော်ကြီး ကျေးရွာအုပ်စုကွင်းတွင် စက်ရေတွင်း(မြေအောက်ရေ)ဖြင့် (၁၁၀)ဧက စုစုပေါင်း (၅၂၇၉၉)ဧက စိုက်ပျိုး သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လျာထား မိုးစပါးစိုက်ဧက များပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးအတွက် ရေများပေးဝေလျက်ရှိရာ ဇော်ဂျီဆည်ရေသောက်စနစ်တွင် (၁၂၆၆၁)ဧက၊ ကင်းတားဆည်ရေသောက်စနစ်တွင်(၁၁၇၄၃)ဧက၊ သစ်တက္ကုန်းဆည်ရေသောက်စနစ်တွင် (၃၁၆)ဧက၊ စုစုပေါင်း ဆည်ရေသောက်စနစ်ဖြင့်(၂၄၇၂၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)