ပြင်စလူ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခဲ့သော အသက်(၆၅)နှစ်အောက် ရဟန်း သံဃာတော်များ၊ ဝန်ထမ်းများ ၊ ရပ်ကွက် အတွင်းရှိ ဈေးရောင်းချသူများ၊ ရေယာဉ် လုပ်သားများ၊ ဆိုင်ကယ် Taxi မောင်းသူများ ၊ စိုက်ပျိုး မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ရေလုပ်သားများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်း ကို ယနေ့နံနက် (၁၀) နာရီမှ စ၍ အမှတ်(၃)ရပ်ကွက် ပြင်စလူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ကို ထိုးနှံပေး လျက်ရှိ ကြောင်းသိရသည်။
အဆိုပါ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်း ဆောင်ရွက်ရာ တွင် ပြင်စလူမြို့၊မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်း နှင့်မြို့အဆင့် ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန မှ တာဝန်ရှိ သူများ၊ လူမှုရေး အသင်း အဖွဲ့များ နှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး များပူး ပေါင်း၍ကိုဗစ် - ၁၉ ရောဂါကာ ကွယ် ဆေး လာရောက် ထိုးနှံကြ သော ပြင်စလူမြို့ ၊ ရပ်ကွက် (၃)ရပ်ကွက် နှင့် ကျေးရွာများဖြစ်သည့် ရေတွင်း ဆိပ်ကျေးရွာ၊ တယ်ပင်ကိုင်းကျေးရွာ၊ သစ်ပုတ်ကျေးရွာ၊ ကုန်းကြီး ကျေးရွာ နှင့် ဓနိဆိပ် ကျေးရွာများမှ မိဘပြည်သူများအား အပူချိန် တိုင်းတာခြင်း နှင့်လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ပေးခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များအတိုင်း စနစ်တကျ ထိုးနှံပေးခြင်း ပြင်စလူမြို့ နယ်မြေရဲစခန်းမှ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ ကာကွယ် ဆေးများ ထိုးနှံ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေး ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ပြင်စလူမြို့ အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်း စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများတွင် ရပ်ကွက်နှင့် ကျေးရွာများမှ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသော ဒေသခံပြည်သူ များ ကျန်ရှိမှု မရှိစေရေး အတွက် စိစစ် ဆောင် ရွက်ပေးနေကြောင်း လည်းသိရသည်။ ယခု ထိုးနှံပေးသော ကိုဗစ် -၁၉ ရောဂါ ကာကွယ် ဆေးမှာ ဆေးတစ်လုံးလျှင် လူ(၅)ဦးကျစီ ထိုးနှံ ပေးသည့် အတွက် ကာကွယ်ဆေးလာရောက် ထိုးနှံကြသော ဒေသခံပြည်သူများ အချိန် ကြန့်ကြာမှု မရှိစေရေး စီစဉ်ပေးထားကြောင်းလည်း သိရသည်။
ဇော်ဝင်းထွန်း (ပြန်/ဆက်)