နောင်တရား စက်တင်ဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပရဟိတအဖွဲ့များသို့ ပခုက္ကူမြို့ ပရဟိတအဖွဲ့မှ Oxygen 15L(၁၀)လုံးကို ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းသည်။
ပခုက္ကူမြို့မှ ဆရာတော်ဥူးစန္ဒောဘာသ ဦးဆောင်သော ပရဟိတအဖွဲ့မှ နောင်တရားမြို့ ပရဟိတအဖွဲ့သို့ Oxygen 15L(၁၀)လုံး၊ Flow Mater (၁၀)ခု၊ PPE များကို ပေးပို့လှူဒါန်းပေး သည်။
နောင်တရားမြို့ ပရဟိတအဖွဲ့များမှ နောင်တရားဒေသထွက်ကုန်များဖြစ်သည့် ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး ကုန်ချိန် (၁၅၀၀)ခန့်ကိုပြန်လည်လှူဒါန်းပေးခြင်းနှင့် ပခုက္ကူမြို့ ပရဟိတအဖွဲ့မှ ရပ်ကွက်နေပြည်သူများကို ပြန်လည်လှူဒါန်းရန်အတွက် ဈေးနှုန်းနည်းပါးသည့် နောင်တရားဒေသ စိုက်ပျိုးရေးထွက်ကုန်များ ကုန်ချိန်(၈၅၀၀)ကို ဝယ်ယူခြင်းကြောင့် စိုက်ပျိုးရေးတောင်သူများ အရှုံးသက်သာစေခဲ့ခြင်းကြောင့် လူထုထံမှ လူထုဆီသို့ အပြန်အလှန် လှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။
နောင်တရား(ပြန်/ဆက်)