စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

စဉ့်ကိုင်   စက်တင်ဘာ  ၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ နိုင်ငံ့၀န်ထမ်းများ၊ စက်ရုံ ၊ အလုပ်ရုံများမှ၀န်ထမ်းများ၊ ပရဟိတ အသင်း၀င်များ၊လူမှုရေးအသင်းအဖွဲ့များအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက် ရှိရာ ယနေ့ နံနက်(၉)နာရီမှ စတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒု မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာသိမ့်အိသူ  (ပြည်သူ့ကျန်းမာ)နှင့်  ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ  ၀န်ထမ်းများ၊    မီးသတ်တပ်ဖွဲ့၀င်များ၊    မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊  ပရဟိတ အသင်းအဖွဲ့၀င်များ၊  ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍   ဒုတိယအကြိမ်ကာကွယ် ဆေးထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါကူးစက်  ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ် တားဆီးနိုင် စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက်သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင် ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့်  ပူးပေါင်းပြီး ပြည်သူများလိုက်နာစေရန်၊  အသံချဲ့စက်များ၊  Hand  Spaker  ဖြင့်  လှည့်လည်ပြီး အသိပညာ ပေးနှိုးဆော်ခြင်း၊ ရပ်ကွက် /  ကျေးရွာများ အတွင်း  ပိုးသတ်ဆေးများဖြန်းပေးခြင်း၊   ဒေသန္တာရ စည်းကမ်း ချက် များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ /  မရှိစစ်ဆေးခြင်း  အသိပညာပေးလုပ်ငန်းများ   ဆောင်ရွက်ပေးလျက်ရှိပြီး စက်တင်ဘာ(၈)ရက်နေ့အထိ ဒုတိယအကြိမ် ကာကွယ် ဆေး ထိုးနှံပြီး သူစုစုပေါင်း(၂၁၅၉)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)