နမ္မတူ စက်တင်ဘာ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီး ဌာနရုံးမှ နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၃၆ဦးအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက် ခဲ့သည်။
ရှေ့ဦးစွာ နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက လူမှုရေးပင်စင်ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခြင်း ရည်ရွယ်ချက်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထောက်ပံ့ပေးအပ် နိုင်ရေး ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ၊ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ်အတွက် တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (ဧပြီ၊ မေ၊ ဇွန်) သုံးလအတွက် နမ္မတူမြို့နယ် အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ပန်ဟိုက်ရပ်ကွက်ရှိ (၄၀)ဦး၊ နမ္မတူရပ်ကွက်ရှိ (၂၆)ဦး၊ ပန်လုံကျေးရွာအုပ်စုရှိ (၇)ဦး၊ မန်စံကျေးရွာအုပ်စုရှိ (၁၆)ဦး၊ ဘော်တွင်းကျေးရွာအုပ်စုရှိ (၁၃)ဦး၊ ချောင်းဆာကျေးရွာအုပ်စုရှိ (၁)ဦး၊ ဆိုက်ခေါင်ကျေးရွာ အုပ်စုရှိ (၄)ဦး၊ ကြူဆော့ကျေးရွာအုပ်စုရှိ (၄)ဦး၊ ခိုမိုကျေးရွာအုပ်စုရှိ (၃)ဦး၊ မိုင်းတတ်ကျေးရွာအုပ်စုရှိ (၃)ဦး၊ မိုင်းရင်ကျေးရွာအုပ်စုရှိ (၃)ဦး၊ ပန်ချင်ကျေးရွာအုပ်စုရှိ (၃)ဦး၊ ဟူးဆာကျေးရွာအုပ်စုရှိ (၃)ဦး၊ နားဆိုင်းကျေးရွာအုပ်စုရှိ (၃)ဦး၊ မန်ဆာလုံကျေးရွာအုပ်စုရှိ (၄)ဦး၊ ပန်ဆော့ကျေးရွာအုပ်စုရှိ (၁)ဦး၊ မိုင်းမုကျေးရွာအုပ်စုရှိ (၂)ဦး၊ စုစုပေါင်း သက်ကြီးဘိုးဘွား (၁၃၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (၄၀၈၀၀၀၀) ကျပ်အား ဆက်လက်ထောက်ပံ့ပေးအပ်နိုင်ရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ လက်ဝယ် သို့ ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်ထံက သိရသည်။
လူမော်