မိုင်းရယ်မြို့နယ်ရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့

မိုင်းရယ်   စက်တင်ဘာ    ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၀-၂၁ ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃) လပတ်အတွက် မြို့နယ်ရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေး ပင်စင်ထောက်ပံ့ပေး ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပ သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ‌ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မိုင်းရယ်မြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးရွယ်အို စုစုပေါင်း ၃၃၉ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ကျပ် ၁၀၁၇၀၀၀ဝိ/ ကို ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ကိုယ်စားလက်ခံရယူသည်။

အဆိုပါ လူမှုရေးပင်စင်အား အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် ၁ လ ကျပ် တစ်သောင်းနှုန်းဖြင့် ၂၀၂၁ ခုနှစ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၆)အုပ်စုမှ သက်ကြီး ဘိုးဘွားများအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လူမှုရေးပင်စင် ထောက်ပံ့ပေး အပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး စာရေးများ၊ ရပ်ကွက်၊ကျေးရွာဥက္ကဋ္ဌများ တက်ရောက် ကြသည်။

မိုင်းရယ် (ပြန်/ဆက်)