ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လယ်မြေ(၅)ဧကအတွက် မြေယာလျော်ကြေးငွေ ပေးအပ်

ဒဂုံတောင် စက်တက်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် မြေယာလျော်ကြေးငွေပေးအပ်ခြင်းအား ယမန်နေ့နံနက်၁၀နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

ထိုသို့ပေးအပ်ရာတွင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီမှ အစီရင်ခံစာအပိုင်း (၁၁/၂၄၇)တွင်ပါဝင်သည့် ပြေစာအမည်ပေါက် ဦးသောင်းနိုင် ပိုင်ဆိုင်ခဲ့သည့် ကွင်းအမှတ်(၁၁၁၅)ငါး ဟစ်ကန်ကွင်း ဦးပိုင် အမှတ်(N-1)လယ်မြေ(၅)ဧကအတွက် လျော်ကြေးငွေသိန်း (၅၀၀)ချက် လက်မှတ်အားရန်ကုန်စီးပွားရေး တက္ကသိုလ် (ရွာသာကြီး) မှ မြေပိုင်ရှင်သို့ ပေးအပ်ခဲ့သည်။

လျော်ကြေးငွေပေးအပ်ခြင်းသို့မြို့နယ်မြေစစ်ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူးဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ​တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)