ပြင်ဦးလွင်၊ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလုပ်သမားများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ရပ်ကွက်ကြီး (၁) ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရှိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသည့် ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် အလုပ်သမားများအား ကာကွယ်ဆေးထိုး စုရပ်အဖြစ်သတ်မှတ်ပြီး အပူချိန်တိုင်းတာခြင်း၊ စာရင်းများ ရေးသွင်းခြင်း နှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း စသည့် ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး ကျန်းမာရေး ဝန်ထမ်းများ နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ လူဦးရေ (၅၃၀) ဦးခန့် ဆက်လက်ထိုးနှံပေးလျက်ရှိပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)