မေတ္တာမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးသူ (၃၉၆) ဦးရှိပြီးဖြစ်

မေတ္တာ  စက်တင်ဘာ    

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ဩဂုတ်လ(၁၀)ရက်နေ့က (ပထမ) အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား စက်တင်ဘာလ(၇) ရက်နေ့တွင်  (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီး ဘိုးဘွား(၁၁၆)ဦး၊ ဘုန်းကြီး/သီလရှင် များနှင့်သာသနာ့ဝန်ထမ်းများ (၁၆)ဦး၊ ပရဟိတလူမှုကူညီရေးအသင်း (၅၅)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၆)ဦး၊ (၆၅)နှစ်အောက်ဦးစားပေးအဆင့်အလိုက် ဈေး ရောင်းသူ (၁၉၃)ဦး၊ စုစုပေါင်း (၃၉၆)ဦးအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှသိရသည်။                  

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မေတ္တာမြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့် ဝန်ထမ်းများ၊ နယ်မြေရဲစခန်း စခန်းမှူးရဲအုပ် အောင်မြင့်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မေတ္တာ (ပြန်/ဆက်)