မိုးနဲမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း စိစစ်ရောင်းချခြင်းနှင့် အသားထုတ် လုပ်ငန်းများအား ရောင်းချခွင့်လက်မှတ် စနစ်ဖြင့်ရောင်းချခြင်း အခမ်းအနားကျင်းပ

မိုးနဲ စက်တင်ဘာ ၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုးနဲ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လတာအတွက် အရပ်ရပ် အခွင့်အရေးလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း၊ စိစစ်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်း များအား အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်စနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်က‌ မ္ဘောဇခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လတာအတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ သက်တမ်းတိုး စိစစ် ရောင်းချခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းအလိုက် စိစစ် ရောင်းချခြင်းများဆောင်ရွက်ခဲ့ရာမြို့ဝင်/ထွက် ဘီးခွန်သက်တမ်းတိုးခြင်း ကို ငွေကျပ် ၉၅၀,၀၀၀ ဖြင့်လည်းကောင်း၊ မြို့မဈေး စက်ဘီး/ဆိုင်ကယ် ရပ်နားခ ငွေကျပ် ၆၃၀,၀၀၀ ဖြင့် လည်းကောင်း၊ သားသတ်လုပ်ငန်းများအား အသားထုတ်လုပ်ရောင်းချခွင့်အတွက် မြို့မ ဝက်ခုံ နှစ်ခုံ အတွက် ငွေကျပ် သိန်းနှစ်ဆယ်ဖြင့်လည်းကောင်း၊ အမဲထုတ်လုပ်ရောင်းချခွင့်အတွက် ငွေကျပ် ဆယ်သိန်းဖြင့်လည်း‌ကောင်း၊ ကျိုင်းတောင်းမြို့ အသားထုတ်လုပ် ရောင်းချခွင့်ကို ငွေကျပ်ဆယ်သိန်းနှင့် အမဲထုတ်လုပ် ရောင်းချခွင့်ကို ငွေကျပ် ငါးသိန်းဖြင့် လည်းကောင်း စသည့်လုပ်ငန်းများကို လုပ်ငန်းလိုင်စင် သက်တမ်းတိုးပေးခြင်းနှင့် စိစစ် ရောင်းချခြင်းများ ဆောင်ရွက်‌‌ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိနှင့်တာဝန်ရှိသူများက၊ လိုင်စင်လုပ်ငန်းရှင်များအား အရပ်ရပ်အခွင့်အရေးလိုင်စင်၊ အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်းနှင့်အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)