ကော့မှူးတွင်  ဆန်၊ဆီ၊ကြက်ဥများဈေးနှုန်း သက်သာစွာဖြင့် လာရောက်ရောင်းချပေး

ကော့မှူး စက်တင်ဘာ ၈

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူ များအမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန် မှုမြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယနေ့ နံနက်၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ် ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံးရှေ့ တွင် ဒေသခံပြည်သူများအား ဆန်၊ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့်လာ‌ ရောက်ရောင်းချပေးနေကြောင်း သိရသည်။

ထို့သို့ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့်ဝန်ထမ်းများ ရဲတပ်ဖွဲ့  ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးဝယ်‌ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်း ရှင်းစေရေးတို့အားဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ‌ ဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် ဧည့်မထ တစ်ပြည် လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ဖြင့် ဆန်အိတ်(၄၂) အိတ် အားလည်းကောင်း ၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ဖြင့်ဆန်အိတ်(၄၂) အိတ်အားလည်းကောင်း ဆီငါးဆယ်သားတစ်ဘူး ကို ငွေကျပ် ၁၈၅၀ကျပ်နှုန်းဖြင့် ဆီ(၁၅၀)ဘူးအားလည်း‌ ကောင်း၊ ကြက်ဥဆယ်လုံး တစ်ကတ်လျှင် (၁၂၀၀)ကျပ်နှုန်းဖြင့်(၆၆)ကတ်တို့ အားလာ ရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ