ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ် တစ်မျိုးမျိုးရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မိဘပြည်သူတိုင်းရင်းသားများအနေဖြင့် တွေ့မြင် သိရှိပြီး ဆက်သွယ်လုပ်ကိုင် ဆောင်ရွက်နိုင်စေရေးအတွက် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ လူမှုဘဝပြည့်စုံဖို့ ပန်းခင်းလမ်းကို လျှောက်ကြစို့ ဆိုင်းဘုတ်တင်ခြင်းအခမ်းနားပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဇမိရတနာဈေးအရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆိုင်းဘုတ်စိုက်ထူတင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ဒေသခံတိုင်း ရင်းသားပြည်သူများနှင့် ဥပဒေအရနိုင်ငံသားများအနေဖြင့် ကိုင်ဆောင်လက်မှတ်မရှိသေးပါက သက်ဆိုင်ရာ မြို့နယ် လ ဝ က ရုံးများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။
မျိုးမင်းဦး